အကျိုးအမြတ်ရရှိမည့်သူများ

ရန်ကုန်အာရုဏ်ဦးပွဲတော် ၂၀၁၈ သည် အောက်ပါတို့အပါအဝင် နယ်ပယ်အသီးသီးအတွက် အကျိုးများစွာ ရရှိစေပါမည် -

  • အနုပညာ၊ တေးဂီတနှင့် အက အဖွဲ့အစည်းများ
  • ပညာရေး
  • အစိုးရ
  • ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရအဖွဲ့အစည်းများ
  • ခရီးသွားလာရေး လုပ်ငန်းများ - လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဘားများ
  • ရန်ကုန်နှင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ

အစိုးရအေဂျင်စီများအတွက် အဓိက အကျိုးအမြတ်များ

အိမ်ရှင်အနေဖြင့် ဆောင်ရွက်ပေးသည့် မိတ်ဖက်များနှင့် ဧည့်ခံဖျော်ဖြေရေးအတွက် ကူညီပံ့ပိုးပေးသူများအတွက် အကျိုးအမြတ် ကြီးကြီးမားမား ရရှိနိုင်မည်ဖြစ်ပါသည်။ ရန်ကုန် အရုဏ်ဦးပွဲတော် ၂၀၁၈ သည် -

  • ပွဲတော်နှင့် အခမ်းအနားများ ကျင်းပပြုလုပ်နိုင်မည့် နေရာဒေသ အသစ်တစ်ခုအဖြစ် မြန်မာနိုင်ငံကို နေရာတစ်ခုရရှိနိုင်ရေး အကူအညီပေးနိုင်ပါသည်
  • ပုဂ္ဂလိကနယ်ပယ်နှင့် သက်ဆိုင်ရာ အစိုးရတို့ကြား လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စေပါမည်
  • မြန်မာနိုင်ငံတွင် နောက်ထပ်ပွဲတော်ကြီးများ ကျင်းပနိုင်ရန် အားတစ်ရပ်ဖြစ်စေပါမည်
  • နိုင်ငံတကာမှ ပါဝင်ဆင်နွဲသူများ၊ နိုင်ငံတကာပရိတ်သတ်များနှင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်မှု တိုးစေခြင်းဖြင့် မြန်မာနိုင်ငံအတွက် သိသာထင်ရှားသော စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ဖြစ်ပေါ်စေပါမည်
  • မြန်မာနိုင်ငံကို ပွဲကြီးများကျင်းပရာ နေရာတစ်ခုအဖြစ် နိုင်ငံတကာရှိ နာမည်ကြီး မီဒီယာများတွင် မီးမောင်းထိုး ဖော်ပြစေမည် ဖြစ်ပါသည်

ရန်ကုန် အရုဏ်ဦးပွဲတော် ၂၀၁၈ ၏ ကြွယ်ဝကျယ်ပြန့်သော အနုပညာအရည်အသွေးပြည့်ဝသည့် အစီအစဉ်များနှင့်အတူ အနုပညာနှင့် ယဉ်ကျေးမှု၊ ဆန်းသစ်မှုနှင့်လူမှုဘဝ၊ ဖျော်ဖြေမှုနှင့် ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ်များစွာတို့တွင် မြန်မာနိုင်င်ငံ၏ အရေးပါသောပွဲတော်ကြီးများကို လက်ခံကျင်းပနိုင်မှုကို ပြသနိုင်စေပါသည်

ပံ့ပိုးပေးသူများအတွက် အဓိကအကျိုးအမြတ်များ

စီးပွားဖြစ် ပံ့ပိုးပေးသူများနှင့် ပါတနာများအတွက် အောက်ပါတို့အပါအဝင် များစွာသော အကျိုးအမြတ်များ ဖြစ်စေပါသည်-

  • အဖွဲ့အစည်း - ပွဲကို ဦးဆောင်ကျင်းပသူအဖြစ် မီဒီယာတို့တွင် ဖော်ပြခံရသည့်အတွက် လူထု၏ စိတ်ဝင်စားမှုကို ရရှိပါမည်
  • မိမိ ကုန်အမှတ်တံဆိပ်ကို လူသိများစေမှု - ပါဝင်သူအများအပြားကို ပစ်မှတ်ထားခြင်းဖြင့် ထုတ်ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုတို့အကြောင်း ပြည်သူများက ပိုမို သိရှိလာပါမည်
  • ချိတ်ဆက်ဆောင်ရွက်နိုင်မည့်သူများ တိုးပွားလာမည့် အခွင့်အလမ်းများ - အစိုးရအေဂျင်စီများနှင့် အခြားပါတနာများ တို့နှင့် - ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံကောင်းများရစေသည့်အပြင် လူတန်းစားအမျိုမျိုးကို ဝန်ဆောင်မှုပေးရသည့် အတွေ့အကြုံကိုပါ ရစေသည်
  • ဖျော်ဖြေရေး - ပြည်ပနှင့်ပြည်တွင်း ပရိတ်သတ်များကို ၁၀ ရက်တာ ကာလအတွင်း ပွဲပေါင်း ၅၀ ကျော်ဖြင့် ဖျော်ဖြေနိုင်သည်
  • အခြား ဈေးကွက်ရှာဖွေရေး လုပ်ဆောင်ချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း - ပွဲတော်နှင့် အတူ ပြည်သူများနှင့် ဆက်ဆံနိုင်မှု၊ အရောင်းမြှင့်တင်မှု၊ တိုက်ရိုက် ဈေးကွက်ရှာဖွေနိုင်မှု စသည့် အခွင့်အလမ်းများသည် ပံ့ပိုးသူတို့၏ လိုအပ်ချက်ကို အံဝင်ဂွင်ကျ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်
{lay Video} View Gallery