အနုပညာရှင်များ စာရင်း - အနုပညာ

အရုဏ်ဦးပွဲတော်သည် မြန်မာ့အနုပညာရှင်များမှတစ်ဆင့် လက်ရှိရိုးရာယဉ်ကျေးမှုဆိုင်ရာ ထုတ်ဖော်ပြသချက်များကို ဆက်တိုက်တင်ဆက်သည့် အနုပညာဖျော်ဖြေတင်ဆက်မှုများ ဖြစ်ပြီး ခန့်မှန်းခြေ အနုပညာ တင်ဆက်ပြသမှုပေါင်း ၂၀ အား အတူတကွ ရောနှော စီစဉ်တင်ဆက်ပါမည်။ အနုပညာ တင်ဆက်ပြသမှုများတွင် နောက်ဆုံးပေါ်ခေတ်ပြိုင်မြန်မာ့အနုပညာ၏ အမွေအနှစ်ကို စင်တင်မည်ဖြစ်ပြီး ၎င်းက စီးပွားဖြစ်ပြခန်းများ၊ အကျိုးအမြတ်မရှာသော အဖွဲ့အစည်းများ/ စုပေါင်းလုပ်ငန်းများနှင့် သီးခြားပြတိုက်မှူး စီမံကိန်းများနှင့် အနုပညာရှင်များကဲ့သို့သော အနုပညာနှင့်အသက်မွေးသူများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။

အမွေအနှစ် - သမိုင်းကြောင်း ဆက်စပ်တွေးတောခြင်း

  • လူငယ် အနုပညာရှင်များ၏ လက်ရာသည် ရန်ကုန်မြို့၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို လူသိများစေပြီး ထင်ရှားအောင် ပြသနေပါသည်။
  • ရန်ကုန်မြို့၏ ထင်ရှားသော သမိုင်းဝင် နေရာများအား အသားပေးဖော်ထုတ်ထားသည်။
  • ငယ်လေး၏ ဓာတ်ပုံများကဲ့သို့ ခေတ်ပြိုင်အနုပညာရှင်များ၏ ကြားဖြတ်တင်ဆင်မှုများ၊ သမိုင်းဝင် အနုပညာလက်ရာများကို ပြသခြင်းနှင့် ပုံများဖြင့် ထပ်၍ ပြသခြင်း သို့မဟုတ် သမိုင်းကြောင်း တူးဆွမှုကို အများထက်သာလွန်စေရန် သမိုင်းဝင်နေရာများနှင့် ခေတ်ပြိုင် ကြားဖြတ်တင်ဆက်မှုများ ပေါင်းစပ်ခြင်း၊ သမိုင်းဝင်ပြတိုက်များအတွင်း MauritizoCatelan ၏ ကြားဖြတ်တင်ဆက်မှုများ။

နောက်ဆုံးပေါ်ခေတ်ပြိုင် အနုပညာ- ခေတ်ပေါ်နှင့် ခေတ်လူငယ်အကြိုက် လမ်းမထက်က အနုပညာ ကြားဖြတ်တင်ဆက်မှု x ရန်ကုန်မြို့တော်

  • ခေတ်ပေါ်အနုပညာသုခုမမူဟန်သည် ရွှင်လန်းတက်ကြွဖွယ်ကောင်း၍ ရှေးဟောင်းအနုပညာသုခမကို ပြောင်ပြောင်တင်းတင်း ဖီဆန်ပြီး ခေတ်ရေစီးကြောင်းထဲရှိ ပြည်သူများအတွက်လည်း အလွယ်တကူ ရယူခံစားနိုင်ပါသည်။ ပြောင်းလဲဖန်တီးနေသည့် အနုပညာရှင်များနှင့်အတူ အများကြည့်ရှုနိုင်သည့် နံရံဆေးရေးပန်းချီများကို ပေါင်းစပ်လိုက်သောအခါ လွှမ်းမိုးဖွယ် ကောင်းပါသည်။
  • အဆိုပြုထားသည့် အနုပညာရှင်များတွင်- iconic Perrier bottle အပါအဝင် မြောက်များစွာသော အပ်နှံထားသည့် လုပ်ငန်းများကို ဆောင်ရွက်ဖူးသည့် နိုင်ငံတကာ လူကြိုက်များသော အနုပညာရှင် L’Atlas (Jules Dedet) နှင့် TancVao ပါဝင်ပါသည်။ ဤအနုပညာရှင်များသည် အလွန်ကြီးမားသော ပြည်သူ့အနုပညာတံတိုင်းများကို တည်ဆောက်ရန်နှင့် ပြည်သူများ ကြားဝင်ရေးကို အားပေးတိုက်တွန်းရန် နိုင်ငံပေါင်းများစွာသို့သွားရောက်ခဲ့ကြပါသည်၊ ၎င်းတို့က လမ်းမထက်နှင့် ခေတ်ပေါ် အနုပညာပြသမှုများကို ဖန်တီးရန် ဒေသတွင်းရှိ မြန်မာ့တက်သစ်စ လမ်းမထက်မှ အနုပညာရှင်များဖြင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ကြပါမည်။
  • မြန်မာ့အနုပညာရပ်များအား ခေတ်ပေါ်/ လမ်းမထက် အနုသုခုမဖြင့် ပူးပေါင်းစီစဉ်ခြင်းကို လည်းဆောင်ရွက်ပါမည်။ အနုပညာရှင်များတွင် မြင့်မြင့်တင်၊ ငယ်လေး၊ ခင်ဇော်လတ်တို့ ပါဝင်ပါသည်။

အခြေအနေအလိုက် ပြောင်းလဲနိုင်ပါသည်

{lay Video} View Gallery