မြန်မာနိုင်ငံအကြောင်း

မြန်မာနိုင်ငံသည် လူဦးရေ သန်းပေါင်း ၅၁ သန်းရှိသည့် အရှေ့တောင် အာရှမှ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

မြန်မာ့နယ်နိမိတ်၏ သုံးပုံတစ်ပုံခန့်သည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့တစ်လျှောက်တွင် တစ်ဆက်တည်း ၁၉၃၀ ကီလိုမီတာ (၁၂၀ဝ မိုင်) ရှည်သော ကမ်းရိုးတန်းတစ်ခု ရှိပါသည်။

မြန်မာနိုင်ငံသည် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသော ဓာတ်သတ္တု ရင်းမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ရေပန်းအစားဆုံး ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်သည့် နေရာများတွင် -

  • မြို့တော်များ - ရန်ကုန်နှင့် မန္တလေး
  • ဘာသာရေး ထွန်းကားရာနေရာများ - မွန်ပြည်နယ်၊ ပင်းတယ၊ ပဲခူးနှင့် ဖားအံ
  • သဘာဝအလှအပ ခံစားနိုင်သည့် နေရာများ - အင်းလေးကန်၊ ကျိုင်းတုံ၊ ပူတာအို၊ ပြင်ဦးလွင်
  • ရှေးဟောင်း မြို့တော်များ - ပုဂံနှင့် မြောက်ဦး
  • ကမ်းခြေများ - နဘုလည်၊ ငပလီ၊ ငွေဆောင်၊ မြိတ်ကျွန်းစု
{lay Video} View Gallery