ဂီတ - အနုပညာရှင်စာရင်း
DAVID FOSTER
David Foster သည် တစ်နှစ်တာ အကောင်းဆုံး ထုတ်လုပ်သူဆု သုံးဆု၊ ရွှေကမ္ဘာလုံးဆုတစ်ဆုနှင့် Emmy Award ဆု တစ်ခုအပါအဝင် ဂရမ်မီဆု ၁၆ ဆု ရရှိထားသည့် ကမ္ဘာကျော် ဂီတပညာရှင်၊ တေးရေးဆရာ၊ ထုတ်လုပ်သူ၊ တေးရေးတေးဆိုနှင့် အသံသွင်းပညာရှင်တစ်ဦးဖြစ်သည်။ “Best Original Song” အတွက် အော်စကာဆန်ကာတင်စာရင်းတွင် သုံးကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။
သမိုင်းတစ်လျှောက် အကောင်းဆုံး မှတ်တမ်းဝင် ထုတ်လုပ်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် Foster သည် Celine Dion၊ Michael Jackson၊ Michael Buble၊ Josh Groban၊ Earth, Wind & Fire၊ Michael Bolton၊ Chaka Khan၊ Dolly Parton၊ Chicago၊ ’N Sync နှင့် Gloria Estefan တို့အပါအဝင် အဆိုတော် အများအပြားကို အောင်မြင်စေသည့် သီချင်းများ၊ ရွှေနှင့် ပလက်တီနမ် အယ်လ်ဘမ်များကို ရရှိစေသည့် စီးရီးများကို ထုတ်လုပ်ဖန်တီးခဲ့သည်။ အခြေအနေအလိုက် ပြောင်းလဲနိုင်ပါသည်
MICHAEL BOLTON
Michael Bolton သည် American Music Award များနှင့် ဂရမ်မီဆုများအပါအဝင် Billboard Chart တွင် နံပါတ်တစ်ဖြစ်ခဲ့သည့် Single သီချင်း နှစ်ပုဒ်၊ Top 10 Albums စာရင်းဝင် Recording ၈ ခု နှင့် သီချင်းအပုဒ် ၇၅ သန်းကျော် ရောင်းချနိုင်ခဲ့သည့် အဆိုတော်၊ တေးရေးဆရာတစ်ဦးဖြစ်သည်။
PETER CETERA
Peter Cetera သည် အောင်မြင်သော တစ်ကိုယ်တော်လှုပ်ရှားသူအဖြစ် မစတင်မီကတည်းက ရော့ခ်ဂီတ Band တစ်ခုဖြစ်သည့် Chicago ၏ မူလအဖွဲ့ဝင်တစ်ယောက်အဖြစ် ထင်ရှားခဲ့သည့် အဆိုတော်၊ တေးရေးဆရာနှင့် ဘေ့စ်တီးခတ်သူ တစ်ဦးဖြစ်သည်။
Chicago ၏ ၁၀ ခုမြောက် အယ်ဘမ်တွင် ပါဝင်သော Cetera ရေးသားသီဆိုခဲ့သည့် “If You Leave Me Now” သီချင်းနှင့်အတူ Chicago သည် ပထမဆုံး ဂရမ်မီဆုကို ရရှိခဲ့သည်။ အဆိုပါသီချင်းမှာ အဖွဲ့၏ ပထမဆုံး နံပါတ်တစ် single လည်းဖြစ်သည်။ တစ်ကိုယ်တော် အဆိုတော်တစ်ယောက်အနေ ဖြင့် Cetera သည် ၁၉၈၆ ခုနှစ် Billboard’s Hot 100 chart တွင် နံပါတ်တစ် ချိတ်ခဲ့သည့် “Glory of Love” နှင့် “The Next Time I Fall”တို့ အပါအဝင် single အယ်ဘမ်ပေါင်း ၄၀ ကျော် ထွက်ရှိခဲ့သည်။
KATHERINE JENKINS
ဗြိတိသျှသင်္ဂဟဘွဲ့ရ Katherine Jenkin သည် သီချင်းကို ဘယ်သံနှင့် ညာသံကြားရှိအသံဖြင့် သီဆိုနိုင်သူ၊ အဆိုတော်နှင့် တေးရေးဆရာ ဝေးလ်စ်နိုင်ငံသူ တစ်ဦးဖြစ်သည်။ သူမသည် အော်ပရာသီချင်းများ၊ လူကြိုက်များသော သီချင်းများနှင့် တေးဂီတပွဲများနှင့် ဓမ္မတေးများကို သီဆိုရင်း နာမည်ကျော်ကြားလာခဲ့သည့် ဂန္တဝင်နှင့် ခေတ်ပေါ်ကို ပေါင်းစပ်သီဆိုသည့် အဆိုတော်တစ်ဦးဖြစ်သည်။
၂၀ဝ၄ ခုနှစ်ကတည်းက ဗြိတိန်နှင့် အခြားအနောက်နိုင်ငံများ၏ Chart များတွင် နေရာကောင်းကောင်းရရှိခဲ့သည် အယ်ဘမ်အများ အပြားကို ထုတ်ဝေခဲ့သည်။ ၂၀ဝ၅ နှင့် ၂၀ဝ၆ ခုနှစ် နှစ်နှစ်လုံးတွင် သူမ၏ အယ်ဘမ်များသည် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆု အဖြစ် Classic Brit Award ဆုများကို ရရှိခဲ့သည်။
METROPOLITAN FESTIVAL ORCHESTRA (စင်္ကာပူ)
Metropolitan Festival Orchestra (MFO) သည် စင်္ကာပူနိုင်ငံ၏ လွတ်လပ်သော ပရော်ဖက်ရှင်နယ်ဆင်ဖိုနီသံစုံတီးဝိုင်းဖြစ်သည်။ Singapore Festival Orchestra (SFO)လ၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရပြီး ၂၀ဝ၇ မှ ၂၀၁၂ ခုနှစ်အထိ Singapore Arts Festival တွင် ပင်တိုင် သံစုံတီးဝိုင်းအဖြစ်ပါဝင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် SFO ၏ အရိုက်အရာဆက်ခံသူအဖြစ် MFO ကို တည်ထောင်ခဲ့သည်။
MFO က သံစုံတီးဝိုင်းသည် လူများကို ဂီတအတွေ့အကြုံကိုပေးနိုင်သည့် စွမ်းအားအပြည့်ရှိသည့် လက်နက်ဟူသည့် ဒဿနကို လက်ကိုင်ထားပြီး အသစ်အသစ်သော ဖန်တီးမှုပရိုဂရမ်များကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
အခြေအနေအလိုက် ပြောင်းလဲနိုင်ပါသည်