ဒေသခံ (ရန်ကုန်) စီးပွားမိတ်ဖက်များ
မိမိကုန်ပစ္စည်း အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုများကို လူသိများစေသည့် အောက်ဖော်ပြပါ အဆင့်တို့တွင် ကျွန်ုပ်တို့၏ ဒေသခံ (ရန်ကုန် အခြေစိုက်) စီးပွားမိတ်ဖက်များအတွက် အရေအတွက် ကန့်သတ်ထားသော အခွင့်အလမ်းများရှိပါသည်…
- အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ ဆိုသည့် အမည် / တံဆိပ်ကို သင်၏ ကိုယ်ပိုင် ကြော်ငြာတွင် အသုံးပြုခြင်း (ဥပမာ- “…၏ တရားဝင် စီးပွားမိတ်ဖက်”)
- အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ ဝဘ်ဆိုဒ်ရှိ ပံ့ပိုးပေးသူများ စာမျက်နှာတွင် အမှတ်တံဆိပ် / လင့်ခ်ကို ဖော်ပြပေးခြင်း
- အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ လက်ကမ်းစာစောင်တွင် အမှတ်တံဆိပ်နှင့် စာမျက်နှာ၏ ၄ ပုံ ၁ ပုံတွင် ကြော်ငြာထည့်သွင်းပေးခြင်း
- အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ ပိုစတာ / ကြော်ငြာဆိုင်းဘုတ်များတွင် ကုန်အမှတ်တံဆိပ် ထည့်သွင်းခြင်း
- ဒေသတွင်း ကြော်ငြာတွင် ကုန်အမှတ်တံဆိပ် ထည့်သွင်းခြင်း
- ပွဲအားလုံးအတွက် VIP ဝင်ခွင့်လက်မှတ် ၅ စောင် စီစဉ်ပေးခြင်း
- ပံ့ပိုးပေးသူများကို ပြသသည့် နေရာတွင် ကြော်ငြာစာတမ်း ချိတ်ဆွဲပေးခြင်း
- တွေ့ဆုံမေးမြန်းသည့် နေရာ၏ နောက်ခံ(များ) တွင် ကုန်အမှတ်တံဆိပ်များ ထည့်သွင်းပေးခြင်း