အကျိုးအမြတ်များ

အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ သည် စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင်သော ပံ့ပိုးပေးသူများအတွက် အလွန်ကြီးမားသော အခွင့်အလမ်းတစ်ခုကို ပေးစွမ်းပါသည်။

အာရှငွေကြေးပံ့ပိုးမှုဆိုင်ရာ သတင်း နှစ်စဉ် အစီရင်ခံစာ ၂၀၁၄ အရ ၂၀၁၃ ခုနှစ်တွင် ငွေကြေးပံ့ပိုးပေးမှုများအတွက် ခရီးသွားလာရေးလုပ်ငန်းက အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကို အသုံးပြုခဲ့သည်။ ယင်းသည် စားသုံးသူအတွက် ထုပ်ပိုးပြင်ဆင်ထားသည့် ကုန်ပစ္စည်းများ၊ လက်လီရောင်းခြင်း၊ အော်တို၊ ငွေရေးကြေးရေး ဝန်ဆောင်မှုများနှင့် ဆက်သွယ်ရေးလုပ်ငန်းတို့ပြီးလျှင် အာရှတွင် ဆဌမမြောက် အကြီးဆုံး အပိုင်းကဏ္ဍဖြစ်သည်။ အာရှတွင် ကျင်းပပြုလုပ်သော ပွဲများသည် ၂၀၁၄ ခုနှစ်၌ နာမည်ကျော်များနှင့် အသင်းအဖွဲ့များနှင့် အကြောင်းအရာတို့ နောက်ကွယ်မှ တတိယအကြီးဆုံး အနုပညာအမျိုးအစားအတွက် ငွေကြေးထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆၈၄ သန်းကျော် ရရှိခဲ့ကြောင်းကိုလည်း အစီရင်ခံစာတွင် တွေ့ရှိခဲ့ပါသည်။

တံဆိပ်တပ်ခြင်းနှင့် ပြည်သူ့ဆက်ဆံရေး

ငွေကြေးပံ့ပိုးသူများ၊ အထောက်အပံ့ပေးသူများ၊ ပံ့ပိုးသူများနှင့် ပါတနာများသည် ပြည်သူ့ဆက်ဆံရေးနှင့် ကြော်ငြာများ ပြုလုပ်ရန်အတွက် အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ နှင့် တွဲဖက်ဆက်နွယ်ပိုင်ခွင့်ရှိပါသည်။

အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ ကြောင့် ပံ့ပိုးပေးသူများသည် သတင်းပြန်ကြားရေးမှတဆင့် ဒေသခံ၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ မီဒီယာတို့တွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကို ရရှိမည် ဖြစ်ပါသည်။

ပြည်တွင်း၊ ပြည်ပဝဘ်ဆိုဒ် အမျိုးမျိုးမှတဆင့် သတင်းထုတ်ပြန်ချက်များပြုလုပ်ပြီး သတင်းများကို အီးမေးလ်ဖြင့် ပေးပို့ဖြန့်ဝေမည်ဖြစ်သောကြောင့် ရုပ်မြင်သံကြား၊ ပုံနှိပ်ထုတ်ဝေမှုနှင့် ဝဘ်ဆိုက်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။

ဧည့်ဝတ်ကျေပွန်မှု

အရုဏ်ဦး ပွဲတော် ရန်ကုန် ၂၀၁၈ သည် ဖောက်သည်များ၊ ဝယ်ယူအားပေးသူများနှင့် အလုပ်အမှုဆောင်များကို ဧည့်ခံဖျော်ဖြေရန် ထူးကဲသည့် အခွင့်အလမ်းများပေးစွမ်းမည်ဖြစ်သည်။ ဤနည်းသည် သင့်စီးပွားရေးကို မြှင့်တင်ရန် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

ကုန်ပစ္စည်း

ကျွန်ုပ်တို့၏ ငွေကြေးပံ့ပိုးသူများ၊ အထောက်အပံ့ပေးသူများ၊ ပံ့ပိုးသူများနှင့် ဒေသခံ လုပ်ငန်းမိတ်ဖက်များ၏ အမှတ်တံဆိပ်များကိုပါ ထည့်သွင်း ရိုက်နှိပ်ထားသော ကုန်ပစ္စည်းများအား ထုတ်လုပ်ခွင့် ရရှိစေပါသည်။

၎င်းကို မီဒီယာနှင့် လက်ရှိ အရောင်းမြှင့်တင်နည်းများမှတဆင့် မေတ္တာလက်ဆောင်အဖြစ် အသုံးပြုနိုင်သည်။ ဥပမာ- အရုဏ်ဦးပွဲတော် ရန်ကုန် ၂၀၁၈ ဦးထုပ်များ၊ ပိုလို ရှပ်အင်္ကျီများနှင့်တကွ ပံ့ပိုးသူများ၏ မေတ္တာလက်ဆောင်များ။

စမ်းသပ်လေ့လာနေဆဲ ဈေးကွက်ရှာဖွေမှု

အရုဏ်ဦး ပွဲတော်ရန်ကုန် ၂၀၁၈ သည် ပံ့ပိုးကူညီသူများအတွက် ရန်ကုန်တွင် နေထိုင်သူများ၊ ပြည်တွင်း ခရီးသွားများနှင့် နိုင်ငံတကာ ခရီးသွားများ - အပါအဝင် ပရိတ်သတ်များစွာကို ရရှိစေပါသည်။

အရုဏ်ဦး ပွဲတော်ရန်ကုန် ၂၀၁၈ သည် ပံ့ပိုးသူများနှင့် စီးပွားမိတ်ဖက်များမှ ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခင်းကျင်းပြသ ရောင်းချနိုင်သည့် အထူးနေရာတစ်နေရာကိုလည်း စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

{lay Video} View Gallery